Knowledge

ကလေးငယ်များဝမ်းပျက်ဝမ်းလျှောတဲ့အခါ..

ဝမ်းပျက်ခြင်း၊ဝမ်းလျှောခြင်းဟာ ကလေး/လူကြီးမရွေးဖြစ်လေ့ဖြစ်ထရှိပါတယ်။ အခုလိုရာသီမှာ အဖြစ်လည်းများပါတယ်။ ဒီတစ်ခါတော့ မိမိကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိထားစောင့်ကြည့်ရမယ့် အချက်များကို ပြောပြပေးချင်ပါတယ် ။ ၆လအောက်ကလေးငယ်များဖြစ်လျှင် ကော်ဖီရောင်အညိုများအန်ခြင်း ဗိုက်အလွန်အောင့်ပြီးငိုခြင်း၊ မှိန်းခြင်း၊ နုံးခွေနေခြင်း၊ ရေဓာတ်အလွန်အမင်းခန်းခြောက်မှုကြောင့် ငယ်ထိပ်ချိုင့်ခြင်း ကလေးငယ်များနို့ကောင်းကောင်းမစို့ခြင်း ဖျားနာခြင်းများ ဖြစ်လာရင်တော့ စိတ်ပူရပါတယ်။ ကလေးငယ်ကို နီးစပ်ရာဆေးရုံ/ဆေးခန်းမှာ အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။ မိမိကလေးငယ်လေးများဝမ်းပျက်တဲ့အခါ မိဘများအနေနဲ့ မဖြစ်မနေ့ပြုလုပ်ပေးသင့်တာလေးတွေကတော့ … အရည်များများတိုက်ပေးပါ။ မိခင်နို့ရည်တိုက်နေတဲ့ကလေးငယ်ဆိုရင် မိခင်နို့ရည်ကိုအပြည့်အဝတိုက်ပေးပါ ။ ဖြည့်စွက်စာ စကျွေးနေတဲ့ကလေးငယ်များကိုတော့ ဆန်ပြုတ်၊ စွပ်ပြုတ်ရည် စသဖြင့် ရေဓာတ်မှန်သမျှတိုက်ပေးပါ။ နည်းနည်းနဲ့ မကြာခဏတိုက်သင့်ပါတယ်။ ကလေးကို အစာကြေလွယ်သောအစားအစာများကိုကျွေးပေးပါ။ ဓာတ်ဆားတိုက်မယ်ဆိုရင်တော့ WHO Formula နဲ့ထုတ်ထားသော ဓာတ်ဆားထုတ် ကိုတိုက်ပေးပါ။ကလေးငယ်ရဲ့ ကုန်ဆုံးသွားတဲ့အရည်ဓာတ်နဲ့ဓာတ်ဆားတွေကိို ပြန်လည်ဖြည့်ဆည်းပေးဖို့ ဓာတ်ဆားမဖြစ်မနေတိုက်ပေးပါ။ ကလေးငယ်များ ဝမ်းလျှောတာရက်ကြာလာတဲ့အခါ အူလမ်းကြောင်းအတွင်း …

ကလေးငယ်များဝမ်းပျက်ဝမ်းလျှောတဲ့အခါ.. Read More »

Screen Time တွေအရမ်းများလို့ ခေါင်းကိုက်နေပြီလား???

၂၁ ရာစုနှစ်ကို Digital Era (သိပ္ပံနှင့် နည်းပညာရွှေခေတ်) လို့ တင်စားခေါ်ဝေါ်ကြတဲ့အတိုင်း Digital Technology တွေဟာ အတိုင်းအဆမရှိ အရှိန်အဟုန်နဲ့ တိုးတက်နေပါတယ်…… Digital Platform နှင့် Social Media အသုံးပြုမှုတွေကလည်း တစ်နေ့ပြီး တစ်နေ့ မြင့်တတ်လာပါတယ်… လေ့လာချက်တွေအရ လူတစ်ယောက်ဟာ တစ်ရက်မှာ ပျမ်းမျှ ၅ နာရီမှ ၇ နာရီကျော် Digital ပစ္စည်းတွေ (Laptop, Phone, Tablet .. )နှင့် Social Media (Google, Facebook, YouTube, IG.. )တို့ကို ထိတွေ့အသုံးပြုနေကြပါတယ်…. ဒါကြောင့် Digital Era ရဲ့ ဆိုးကျိုးထဲက တစ်ခုအနေနဲ့ အာရုံကြောအားနည်းလာခြင်းတွေ၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊သတိမေ့လွယ်ခြင်း၊ အာရုံစူးစိုက်မှုအားနည်းလာခြင်းတွေ၊ …

Screen Time တွေအရမ်းများလို့ ခေါင်းကိုက်နေပြီလား??? Read More »

အာရုံကြောထုံကျဥ်ခြင်းများကင်းဝေးဖို့အတွက် နြူရာမက်စ်

အသက်(၅၀)ကျော် ဆီးချိုလူနာများတွင် ဆီးချို၏နောက်ဆက်တွဲ အာရုံကြောထုံကျဥ်နာကျင်ခြင်းများ ဖြစ်လေ့ရှိကြပါတယ်. သွေးတွင်း သကြားဓာတ်(ဂလူးကို့စ်)များ အချိန်ကြာမြင့်စွာ များပြားလာတာနှင့်အတူ အာရုံကြောများနှင့် ၄င်းတို့ကိုထောက်ပံ့ပေးသော သွေးကြောငယ်လေးများ ပျက်စီးစေပြီး ထုံကျဥ်ခြင်းများ ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်. ဆီးချိုရောဂါစတင်ခံစားရပြီး (၁၀)နှစ်မှ အနှစ်(၂၀)အတွင်းမှာ ယခုလို ထုံကျဥ်ဝေဒနာမျိုးတွေ ခံစားရလေ့ရှိကြပါတယ် ရောဂါလက္ခဏာအားဖြင့်တော့- ဒီလိုလက္ခဏာတွေကတော့ အထူးသဖြင့် ညဘက်အချိန်တွေမှာ ပိုမိုအဖြစ်များလေ့ရှိပါတယ် NuramaX မှာ Vit B12 600mcg နှင့် Vitamin B Complex တို့ပါဝင်တာကြောင့် ပျက်စီးသွားတဲ့အာရုံကြောလေးများကို အသစ်ပြန်လည်ဖြစ်ပေါ်စေပြီး ထုံကျဥ်နာကျင်ခြင်းများကို အထူးသက်သာပျောက်ကင်းစေပါတယ် ALA လည်းပါဝင်လို့ ကြွက်သားရောင်ရမ်းနာကျင်ခြင်းများကို ကောင်းမွန်စေပါတယ်။ ပြီးတော့ CoQ10 က နှလုံးကျန်းမာရေးသာမကကိုယ်ခံအားအတွက်ပါ အထောက်အကူဖြစ်စေပါတယ် ဒါကြောင့် NuramaX ကို တစ်နေ့(၁)လုံးပုံမှန်သောက်ပေးခြင်းဖြင့် အာရုံကြောထုံကျဥ်ခြင်းများကို အထိရောက်ဆုံးကာကွယ်လိုက်ပါ

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲရဘူး

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲရဘူး ဆိုတဲ့စကားပုံအတိုင်း ဝမ်းတစ်လုံးကောင်းဖို့အတွက် နေ့စဥ်လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို NutriProvita မှ မျှဝေပေးချင်ပါတယ်။   ၁) ရေများများသောက်ပါ။ ရေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ။ ရေသောက်နည်းတဲ့သူတွေဟာ အစာချေစနစ်နှေးစေပြီး ဝမ်းချုပ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၁.၅ လီတာ သို့ ၂ လီတာ သောက်သုံးပေးသင့်ပါတယ်၊၊   ၂)လတ်ဆက်ပြီးပြုပြင်မှုနည်းသော အစာအစားများကိုစားပါ။ (အသင့်စား အစာအသောက်များကိုတတ်နိုင်သမျှရှောင်ပါ) စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ တစ်ချို့အစားအသောက်တွေမှာ ပြည့်ဝဆီတွေ၊ တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပြုပြင်မှုနည်းပြီး သဘာဝနဲ့အနီးစပ်ဆုံး အစားအစာတွေကိုရွေးချယ်စားသောက်ပါ။   ၃)အမျှင်ဓာတ်ပါသောအစာများများစားပါ။ အမျှင်ဓာတ်ပါတဲ့အစာတွေဟာ အစာကျေလွယ်နိုင်သလို ပါဝင်တဲ့ အမျှင်ဓာတ်ဟာလည်း အစာအိမ်နဲ့အူလမ်းကြောင်းရှိ အစာဟောင်းတွေကို များများစွန့်ပစ်စေပြီး အူလမ်းကြောင်းသန့်စင်စေနိုင်ပါတယ်။ ၄) …

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲရဘူး Read More »

England က တိုက်ရိုက်တင်သွင်းတဲ့ Nutri_Ginkgo

ကျွန်တော်တို့ အသက်အရွယ်ကြီးလာတာနဲ့ အမျှ ဦးနှောက်လုပ်ဆောင်စွမ်းရည် ကျဆင်းလာတာကြောင့် လူတွေမှာ အတွေးအခေါ်နဲ့ မှတ်ဥာဏ်စွမ်းရည်လျော့နည်းလာကြပါတယ်။