ဝမ်းပျက်ခြင်း၊ဝမ်းလျှောခြင်းဟာ ကလေး/လူကြီးမရွေးဖြစ်လေ့ဖြစ်ထရှိပါတယ်။
အခုလိုရာသီမှာ အဖြစ်လည်းများပါတယ်။
ဒီတစ်ခါတော့ မိမိကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိထားစောင့်ကြည့်ရမယ့်
အချက်များကို ပြောပြပေးချင်ပါတယ် ။
၆လအောက်ကလေးငယ်များဖြစ်လျှင်
ကော်ဖီရောင်အညိုများအန်ခြင်း
ဗိုက်အလွန်အောင့်ပြီးငိုခြင်း၊ မှိန်းခြင်း၊ နုံးခွေနေခြင်း၊
ရေဓာတ်အလွန်အမင်းခန်းခြောက်မှုကြောင့် ငယ်ထိပ်ချိုင့်ခြင်း
ကလေးငယ်များနို့ကောင်းကောင်းမစို့ခြင်း
ဖျားနာခြင်းများ ဖြစ်လာရင်တော့ စိတ်ပူရပါတယ်။
ကလေးငယ်ကို နီးစပ်ရာဆေးရုံ/ဆေးခန်းမှာ အမြန်ဆုံးပြသရမှာဖြစ်ပါတယ်။
မိမိကလေးငယ်လေးများဝမ်းပျက်တဲ့အခါ
မိဘများအနေနဲ့ မဖြစ်မနေ့ပြုလုပ်ပေးသင့်တာလေးတွေကတော့ …
အရည်များများတိုက်ပေးပါ။
မိခင်နို့ရည်တိုက်နေတဲ့ကလေးငယ်ဆိုရင်
မိခင်နို့ရည်ကိုအပြည့်အဝတိုက်ပေးပါ ။
ဖြည့်စွက်စာ စကျွေးနေတဲ့ကလေးငယ်များကိုတော့ ဆန်ပြုတ်၊ စွပ်ပြုတ်ရည် စသဖြင့်
ရေဓာတ်မှန်သမျှတိုက်ပေးပါ။
နည်းနည်းနဲ့ မကြာခဏတိုက်သင့်ပါတယ်။
ကလေးကို အစာကြေလွယ်သောအစားအစာများကိုကျွေးပေးပါ။
ဓာတ်ဆားတိုက်မယ်ဆိုရင်တော့ WHO Formula နဲ့ထုတ်ထားသော ဓာတ်ဆားထုတ်
ကိုတိုက်ပေးပါ။ကလေးငယ်ရဲ့ ကုန်ဆုံးသွားတဲ့အရည်ဓာတ်နဲ့ဓာတ်ဆားတွေကိို ပြန်လည်ဖြည့်ဆည်းပေးဖို့ ဓာတ်ဆားမဖြစ်မနေတိုက်ပေးပါ။
ကလေးငယ်များ ဝမ်းလျှောတာရက်ကြာလာတဲ့အခါ အူလမ်းကြောင်းအတွင်း ကောင်းမွန်တဲ့ Bacteria လေးတွေ ဆုံးရှုံးသွားတတ်ပါတယ်။
Good Bacteria လေးတွေ ပြန်လည်ဖြည့်ဆည်းပေးဖို့အတွက် #Bacigut လေးရှိပါတယ် ။
#Bacigut က Liquid Probiotic အမျိုးအစားဖြစ်ပြီးတော့ Bacillus – 2 Billions အပြည့်အဝပါဝင်ပါတယ်။
Liquid Type ဖြစ်တာကြောင့် Action ကိုချက်ချင်းရရှိစေပြီး ဝမ်းပျက်ဝမ်းလျှောခြင်းကို ချက်ချင်းသက်သာစေပါတယ်။
ကလေးငယ်များ ဝမ်းပျက်တဲ့အခါ Bacigut အတောင့်လေးကိုချိုးပြီး မိခင်နို့ရည်နဲ့ဖြစ်စေ ၊ အချိုရည် (သို့ ) ရေနဲ့ဖြစ်စေ ရောစပ်ပြီးတိုက်လို့ရလို့ ပိုမိုအဆင်ပြေစေတာပေါ့။
#Bacigut ကိုနီးစပ်ရာဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်ဖြင့် ဝယ်ယူရရှိနေပြီဖြစ်ပါတယ်။
Ref ; NHS