ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲရဘူး

ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲရဘူး ဆိုတဲ့စကားပုံအတိုင်း ဝမ်းတစ်လုံးကောင်းဖို့အတွက် နေ့စဥ်လုပ်ဆောင်သင့်တဲ့ အချက်လေးတွေကို NutriProvita မှ မျှဝေပေးချင်ပါတယ်။

 

၁) ရေများများသောက်ပါ။

📌ရေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုပါ။

📌 ရေသောက်နည်းတဲ့သူတွေဟာ အစာချေစနစ်နှေးစေပြီး ဝမ်းချုပ်စေပါတယ်။

ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ ၁.၅ လီတာ သို့ ၂ လီတာ သောက်သုံးပေးသင့်ပါတယ်၊၊

 

၂)လတ်ဆက်ပြီးပြုပြင်မှုနည်းသော အစာအစားများကိုစားပါ။ (အသင့်စား အစာအသောက်များကိုတတ်နိုင်သမျှရှောင်ပါ)

📌စားကောင်းအောင် အဆင့်ဆင့်ပြုပြင်ထားတဲ့ တစ်ချို့အစားအသောက်တွေမှာ ပြည့်ဝဆီတွေ၊ တာရှည်ခံပစ္စည်းတွေနဲ့ ဆိုးဆေးတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ပြုပြင်မှုနည်းပြီး သဘာဝနဲ့အနီးစပ်ဆုံး အစားအစာတွေကိုရွေးချယ်စားသောက်ပါ။

 

၃)အမျှင်ဓာတ်ပါသောအစာများများစားပါ။

📌 အမျှင်ဓာတ်ပါတဲ့အစာတွေဟာ အစာကျေလွယ်နိုင်သလို ပါဝင်တဲ့ အမျှင်ဓာတ်ဟာလည်း အစာအိမ်နဲ့အူလမ်းကြောင်းရှိ အစာဟောင်းတွေကို များများစွန့်ပစ်စေပြီး အူလမ်းကြောင်းသန့်စင်စေနိုင်ပါတယ်။

၄) လှုပ်လှုပ်ရှားရှားနေပါ။

📌ခန္ဓာကိုယ်လှုပ်ရှားမှုဟာ အစာတွေကို အူလမ်းကြောင်းတစ်လျှောက် ပိုမိုကောင်းမွန်စွာရွေ့လျားစေပါတယ်။

မိမိနဲ့သင့်တော်သော ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ နေ့စဥ် ပုံမှန် လမ်းလျှောက်ခြင်းတွေဟာ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းတွေကိုလည်း သက်သာစေပါတယ်။

 

၅) စိတ်ဖိစီးမှု လျော့ချပါ၊၊

📌စိတ်ဖိစီးမှုတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်၊၊ အက်ဆစ်အထွက်များခြင်းဟာ အစာအိမ်ရောင်ခြင်းတွေ အူလမ်းကြောင်း အနာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် သင့်ရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းလေး ကျန်းမာနေဖို့အတွက်ဆို ပရိုဘိုင်အိုတစ်ပါဝင်တဲ့ အားဆေးတွေကို နေ့စဥ်မှီဝဲသင့်ပါတယ်၊

NutriProvitaက ပုံမှန်အားဆေးနဲ့ မတူပဲ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြင် ပရိုဘိုင်အိုတစ်ပါ ပေါင်းစပ်ပါဝင်တဲ့ တစ်ခုတည်းသောဆေးဖြစ်ပါတယ်။

 

အစာအိမ်ရဲ့ခုခံအားပိုကောင်းလာပြီးကိုယ်ခန္ဓာခုခံအားအပြည့်အဝထောက်ပံ့ပေးနိုင်တာNutriProvita

#Multivitamin&MineralsPlusProbiotics

#NutriProvita

#GIimmunity